← Home
အခမ်းအနားများ
03 Mar, 2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာမူလတန်း/ အလယ်တန်း/ အထက်တန်းကျောင်းများ နွေရာသီသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံ ပညာကျောင်းများတွင် ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကင်းထောက်သင်တန်း၊ အားကစားသင်တန်း၊ အနုပညာသင်တန်းစသော သင်တန်း(၅)မျိုးတို့အား အခြေခံပညာကျောင်း ၁၄၉ ကျောင်းတွင် မတ်လ ၃ ရက်မှ ၉ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၅၁၆ ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။