← Home
GAD news 20 Mar, 2026

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အဦစီမံကိန်းလုပ်ငန်း NayPyiTaw Fiber Common Infrastructure (NFCI-Port Sharing)B-O-T သဘောတူစာချုပ်ချုပ်ဆိုသည့်အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ နေပြည်တော်ကောင်စီနှင့် Horizon Telecom International Co.,Ltd တို့အကြား ချုပ်ဆိုမည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆက်သွယ်ရေးကွန်ရက် ဘုံအခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်း NayPyiTaw Fiber Common Infrastructure (NFCI-Port Sharing)B-O-T သဘောတူစာချုပ်ချုပ်ဆိုသည့်အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။