← Home
ကျန်းမာရေး
23 Mar, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက် မြို့နယ်အားကစားခန်းမ၌ ကျင်းပသည့် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် နွေရာသီအခြေခံအားကစား သင်တန်းဆင်းများ၏ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက် မြို့နယ်အားကစားခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသော(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းများ၏အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ တက်ရောက်ခဲ့ပြီး အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။