← Home
GAD news 24 Mar, 2026

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ဘားအံတက္ကသိုလ်(ငုရွှေဝါနယ်မြေ)၌ ကျင်းပပြုလုပ်သော (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC နှစ်ထပ် Recreation Center ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ဘားအံတက္ကသိုလ်(ငုရွှေဝါနယ်မြေ)၌ ကျင်းပပြုလုပ်သော (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၁၀၀ x ၉၀)ပေ RCC နှစ်ထပ် Recreation Center ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။