← Home
ဒေသဖွံ့ဖြိုးရေး 25 Mar, 2026

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ငမို့မရပ်ကွက်၊ ငမို့မကွင်းတွင် ၂၀၂၅ - ၂၀၂၆ခုနှစ် ကြက်သွန်ဖြူစံပြကွက် ရိတ်သိမ်းပွဲအား သွားရောက်ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ငမို့မရပ်ကွက်၊ ငမို့မကွင်းတွင် ၂၀၂၅ - ၂၀၂၆ခုနှစ်၊ ကြက်သွန်ဖြူစံပြကွက် ရိတ်သိမ်းပွဲအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။