← Home
ပြည်သူ့ဆက်ဆံရေး 25 Mar, 2026

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ မြို့ပေါ်ရပ်ကွက်ဈေးများအတွင်းရှိ ရွှေအရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီရောင်းချမှု ရှိ/မရှိအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ စည်ပင်သာယာရေးဈေးနှင့် မြိတ်တောင်ရပ်ကွက်၊ သီဟဇေယျဈေးအတွင်းတို့ရှိ လိုင်စင်ရရွှေအရောင်းဆိုင်များမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ရောင်းချမှုရှိ/ မရှိအခြေအနေ များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးမျိုးဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။