← Home
GAD news 31 Mar, 2026

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၃၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၇ ဦး၊ ကင်ညာနိုင်ငံသား ၁ ဦးနှင့် ရဝမ်ဒါနိုင်ငံသား ၁ ဦး၊ စုစုပေါင်းပြည်ပ နိုင်ငံသား ၆၅ ဦးတို့အား ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာသံရုံးတာဝန်ခံများထံသို့ ပြည်နှင်လွှဲပြောင်း ပေးမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၁၄,၆၁၆ ဦးအနက် ၁၃,၄၀၁ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်နိုင်ငံခြားသား ၁,၂၁၅ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။