← Home
ဒေသဖွံ့ဖြိုးရေး 31 Mar, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းအတွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင်ပါဝင်သည့် အပြင်ပတ်လမ်း၊ အတွင်းပတ်လမ်း အုတ်ရေမြောင်းပြုလုပ်နေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းအတွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော ခရိုင်အားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပါဝင်သည့် အားကစားကွင်းအပြင်ပတ်လမ်း၊ အတွင်းပတ်လမ်းအုတ်ရေမြောင်းပြုလုပ်နေမှုအခြေအနေ များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦး‌ဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။