← Home
ဒေသဖွံ့ဖြိုးရေး 01 Apr, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၌ ကျင်းပပြုလုပ်သည့် မြို့နယ် တရားရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်တွင် ကျင်းပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့သည့် မြို့နယ်တရားရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။