← Home
GAD news 01 Apr, 2026

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှိနိုင်ငံသား ၁ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၃ ဦးတို့အား ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကောက်ယူခြင်း လုပ်ငန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၁၄,၆၁၇ ဦး အနက် ၁၃,၄၀၄ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်နိုင်ငံခြားသား ၁,၂၁၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။