← Home
လုံခြုံရေး
01 Apr, 2026
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ပေါ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်၊ နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ပေါ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော ဆင်ဖြူဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ကျဌာန ဆိုင်ရာဝန်ထမ်းများအား လတ်တလောအခြေအနေများကြောင့် နယ်စပ်ဂိတ်များ၌ ပစ္စည်းများတင်သွင်းမှု ကန့်သတ်လျက်ရှိရာ မြို့အတွင်းနေထိုင်ကြသည့် ပြည်သူများ စားသောက်ရေးအခက်အခဲမဖြစ်ပေါ်စေရေးနှင့် တရားမဝင်ပစ္စည်းများစီးဆင်းမှုမရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။