← Home
ကျန်းမာရေး
02 Apr, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူရေးခြံများသို့ သွားရောက်၍ ကြက်ခြံများအား စနစ်တကျတည်ဆောက်ထားရှိမှုနှင့် ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/ မရှိ အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူရေးခြံများသို့သွားရောက်၍ ကြက်ခြံများအား စနစ်တကျ တည်ဆောက်ထားရှိမှုနှင့် ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/ မရှိအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။