← Home
အခမ်းအနားများ 02 Apr, 2026

ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး(မြို့ပေါ်လုံခြုံရေး) အဖွဲ့များ၊ တပ်ဖွဲ့ဝင်မိသားစုများအား ဆန်၊ ဆီနှင့် ဝတ်စုံထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်၊ နေ့လယ် ၃ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမတွင် လပွတ္တာမြို့နှင့်(၃)မိုင်မြို့ရှိ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး(မြို့ပေါ်လုံခြုံရေး)အဖွဲ့များ၊ တပ်ဖွဲ့ဝင်မိသားစုများအား ဆန်၊ ဆီနှင့် ဝတ်စုံထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။