← Home
အခမ်းအနားများ 02 Apr, 2026

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ဘားအံ- ကော့ကရိတ်- မြဝတီအာရှလမ်းမကြီး ပြန်လည် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ဘားအံ- ကော့ကရိတ်- မြဝတီအာရှလမ်းမကြီးကို ကာလအတန်ကြာပိတ်ထားခဲ့ရာမှ အများပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏စီစဥ်ကြီးကြပ်မှုဖြင့် ပြန်လည်ဖွင့်လှစ် ခဲ့ပြီး အဆိုပါလမ်းဖွင့်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြဝတီကုန်သွယ်ရေးဇုန်(OSS)မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။