← Home
သာသနာရေး
03 Apr, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲသို့ မြို့နယ်အတွင်းရှိသံဃာတော်များနှင့်သီလရှင်များမှ ဝင်ရောက် ဖြေဆိုနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့် သွားရောက်ကြည့်ရှု၍ လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။