← Home
ဒေသဖွံ့ဖြိုးရေး 03 Apr, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၅၂၂(က)၊ ငွေတောင်အနောက်ကွင်း၊ ဦးတင်မောင်ဝင်း၏လယ်မြေ၌ နွေစပါးစိုက်ပျိုး ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၅၂၂(က)၊ ငွေတောင် အနောက်ကွင်း၊ ဦးတင်မောင်ဝင်း၏လယ်မြေ၌ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေများအား ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိ ပါသည်။