← Home
ပြည်သူ့ဆက်ဆံရေး
03 Apr, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချပေးခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် QR Code စနစ်ဖြင့် စက်သုံးဆီများရောင်းချပေးခြင်း၊ တရားဝင်လိုင်စင်ရှိသောယာဉ်များအား (Wheel Tax) ပြသသည့်စနစ်ဖြင့် ဆီရောင်းချပေးခြင်း၊ စုံ/ မ စနစ်ဖြင့် ဆီရောင်းချပေးခြင်းနှင့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နေ့စဉ်သတ်မှတ်အချိန် အတိုင်း ဆီရောင်းချပေးခြင်းရှိ/ မရှိတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်/ မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။