← Home
ဒေသဖွံ့ဖြိုးရေး
10 Apr, 2026
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ မကောကျေးရွာအုပ်စုရှိ“ဒိုးကလေး(၄)”စက်သုံးဆီအရောင်းဆိုင် ဆောက်လုပ်ရန်လျာထားသည့် မြေနေရာသို့ ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ မကောကျေးရွာအုပ်စုရှိ “ဒိုးကလေး(၄)” စက်သုံးဆီအရောင်းဆိုင် ဆောက်လုပ်ရန်လျာထားသည့် မြေ နေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။