← Home
ပြည်သူ့ဆက်ဆံရေး
23 Apr, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ မိုးရာသီအမီ အမိုးအကာအောက်ရောက်ရှိနေထိုင်နိုင်ရေးအတွက် ယာယီတဲများဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်၊ နေ့လယ် ၂ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ မိုးရာသီအမီ အမိုးအကာအောက်ရောက်ရှိနေထိုင် နိုင်ရေးအတွက် ယာယီတဲများဆောက်လုပ်နေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဝါးနှင့်မိုးကာအတွက် ကုန်ကျစရိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။