← Home
အခမ်းအနားများ 28 Apr, 2026

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၁၄)ခြေမြန်တပ်ရင်း၊ ဆင်ဖြူရှင် ခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး(မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ်(၁၄)ခြေမြန်တပ်ရင်း၊ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူ့ လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး(မြို့ပေါ်လုံခြုံရေးတာဝန်)အဖွဲ့များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား ၅၀ ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပြီး သင်တန်းသားများအား တစ်ကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။