← Home
ပြည်သူ့ဆက်ဆံရေး
28 Apr, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်ရပ်ကွက်၊ တောင်တွင်းကြီး ဘုန်းကြီးကျောင်းတိုက်၌ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်အတွင်းရှိပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်းသွယ်၊ တောင်တွင်းကြီးဘုန်းကြီး ကျောင်းတိုက်၌ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် UID ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းနောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။