← Home
အခမ်းအနားများ
28 Apr, 2026
နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဆုပေးပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်၊ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား ခရိုင်၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဆုပေးပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစား ဝါသနာရှင်များနှင့် တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုရရှိသူများနှင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် မြို့နယ်အလိုက်အသင်းများကိုလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။