← Home
GAD news 28 Apr, 2026

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၊ စက်ရုံရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၊ စက်ရုံရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်းအင်အား ၇၀ ဦးခန့် တက်ရောက်ခဲ့ပြီး ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များအား မြို့နယ်များသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။