← Home
ပြည်သူ့ဆက်ဆံရေး 04 May, 2026

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာ၊ အထက(နတ်စင်ကုန်း)၌ အစိုးရရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် UID ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၃ ရက်၊ နံနက် ၁၁ ရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာ၊ အထက(နတ်စင်ကုန်း)၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၏ အစိုးရသစ်၏ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် UID ဆောင်ရွက်ပေးနေမှုအခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့်သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။