← Home
ဒေသဖွံ့ဖြိုးရေး 04 May, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ဝန်းသိုကျောင်းတိုက်အနီး၊ ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီတော်ကမ်းထိန်းလုပ်ငန်းနှင့် ကျောက်စီမြေထိန်းတမံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်၊ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ဝန်းသိုကျောင်း တိုက်အနီး၊ ငြိမ်းချမ်းရေးဓာတ်တော်တိုက်စေတီတော်ကမ်းထိန်းလုပ်ငန်းနှင့် ကျောက်စီမြေထိန်းတမံ (အလျား ၁၄၅ ပေ) တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။