← Home
ကျန်းမာရေး
04 May, 2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်၊ ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ရက် (၁၀၀) အားကစားလုပ်ငန်းလှုပ်ရှားမှု စီမံချက်ဖြင့် အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ် ၊ မေလ ၄ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်၊ ခရိုင်အားကစားနှင့်ကာယာပညာဦးစီးဌာန၊ ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ရက်(၁၀၀) အားကစားလုပ်ငန်းလှုပ်ရှားမှုစီမံချက်ဖြင့် ဘောလုံး၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊ အေရိုးဗစ်အားကစားနည်း ၅ မျိုးနှင့်ပတ်သက်၍ အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့် ကာယာပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ထက်ထက်ဝင့်တို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။