← Home
ပညာရေး 04 May, 2026

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)လုပ်ငန်းခွင်ဝင်သင်တန်း(၁/၂၀၂၆)သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်၊ နံနက် ၇ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲရေး ဝန်ထမ်းအဆင့်(၁)လုပ်ငန်းခွင်ဝင်သင်တန်း(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအုပ်ကြီး ဦးညီညီမင်းနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဟောင်းများအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သင်တန်းသား/ သူ များအား ဆန်၊ ဆီနှင့် သင်တန်းစရိတ်များအတွက် ထောက်ပံ့ငွေစုစုပေါင်း ၁၇,၈၉၅,၈၅၀ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။