← Home
အခမ်းအနားများ 05 May, 2026

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ ခုတင်- ၅၀၀ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ ခုတင်-၅၀၀ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦကျော်စိုးနှင့် တာဝန်ရှိသူများသည် စုပေါင်းသွေးလှူဒါန်းနေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား လိုက်လံကြည့်ရှု အားပေးပြီး အမှတ်တရပစ္စည်းများ၊ အာဟာရဖြည့်စွက်အစားအစာများပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။