← Home
ဒေသဖွံ့ဖြိုးရေး
06 May, 2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်ရှိ ရွှေဆိုင်များတွင် အဖိုးတန်သတ္တု ရွှေရောင်းဝယ်မှုနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချပေးနေမှု ရှိ/ မရှိအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်ရှိ ရွှေဆိုင်များတွင် အဖိုးတန်သတ္တု ရွှေရောင်းဝယ်မှုနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချပေးနေမှုရှိ/မရှိအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်