← Home
ဒေသဖွံ့ဖြိုးရေး
08 May, 2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ချောင်းများရေစီးရေလာ ကောင်းမွန်ရေး၊ မိုးရာသီရေကြီးရေလျှံမှုမရှိစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် မြစ်ထွက်ပေါက်များ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်၊ နေ့လယ် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ရပ်ကွက်များအတွင်းရှိချောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ မိုးရာသီရေကြီးရေလျှံမှုမရှိစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် မြစ်ထွက်ပေါက်များ ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကုဋေထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်ဇင်မျိုးထွန်း၊ ခရိုင်/ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးများနှင့် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု တာဝန်ခံများ) ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။