← Home
ပြည်သူ့ဆက်ဆံရေး
08 May, 2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကေတီဗွီနှင့် စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်းရှင်များအား တွေ့ဆုံ
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကေတီဗွီနှင့် စင်တင် တေးဂီတဖျော်ဖြေရေးလုပ်ငန်းတို့အား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းရှင်များအား တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ ကေတီဗွီ လုပ်ငန်းရှင် ၈၆ ဦးနှင့် စင်တင်တေးဂီတဖျော်ဖြေရေးလုပ်ငန်းရှင် ၃၈ ဦး စုစုပေါင်း ၁၂၄ ဦးတို့နှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စိစစ် တွေ့ရှိပါက ဥပဒေနှင့်အညီအရေးယူခံရမည်ဖြစ်ပြီး ကေတီဗွီ(CDOK)လုပ်ငန်းလိုင်စင်နှင့် ဆိုင်အား ပိတ်သိမ်းအရေးယူဆောင်ရွက်သွားမည်ကို သိရှိပါကြောင်း လုပ်ငန်းရှင်များက ဝန်ခံကတိပြုလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိပါသည်။