← Home
ကျန်းမာရေး 11 May, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာ လမ်း၊ အမှတ်(၃၂၀/၃၃၂) အမျိုးသားကြက်တောင်အားကစားခန်းမ၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ်(၃၂၀/၃၃၂) အမျိုးသားကြက်တောင် အားကစားခန်းမ၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်နှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကစားသမားများ၊ နည်းပြများ နှင့်အတူ စုစုပေါင်း ၅၀၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။