← Home
အခမ်းအနားများ 12 May, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ကတ်ပြားများထုတ်ပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လူဝင်မှုကြီးကြပ်‌‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် UID ကတ်ပြားများထုတ်ပေးနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး UID ကတ်ပြားများအား ပြည်သူများလက်ဝယ်သို့ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။