← Home
အခမ်းအနားများ 12 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ စိတ္တသုခ ကျောင်းတိုက်၌ ဗန်းမော်ခရိုင်ယာယီနေရပ်စွန့်ခွာပြည်သူများကို စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ စိတ္တသုခကျောင်းတိုက်၌ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ မန္တလေးတိုင်းဒေသကြီးအတွင်း တိမ်းရှောင်လာသည့် ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများကို စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးကျော်မင်းခိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။