← Home
GAD news 12 May, 2026

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မိုးရာသီကာလရေကြီးရေလျှံမှုမရှိစေရေးနှင့် မြို့တော် သန့်ရှင်းသာယာလှပစေရေးအတွက် ဟာဘိချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်၊ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မိုးရာသီကာလရေကြီးရေလျှံမှုမရှိစေရေးနှင့် မြို့တော်သန့်ရှင်းသာယာလှပစေရေးအတွက် ဟာဘိချောင်း တစ်လျှောက် နုန်းဆည်ခြင်းနှင့် အမှိုက်ဖယ်ရှားခြင်း၊ ချောင်းအတွင်းရေစီးရေလာအဟန့်အတား ဖြစ်စေသည့် နုန်းမြေများ၊ ဒိုက်များနှင့်အမှိုက်သရိုက်များကို Amphibious Excavator(ဘက်ဟိုး)များဖြင့် စနစ်တကျတူးဖော်ဖယ်ရှားဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။