← Home
ပညာရေး 14 May, 2026

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ပေါ်၌ နိုင်ငံတော်အစိုးရသစ်၏ရက်(၁၀၀)စီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်၊ နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စွမ်စော ရပ်ကွက်၊ မန့်ဝိန်းအခြေခံပညာအထက်တန်းကျောင်းနှင့် စွမ်စော်မူလတန်းလွန်ကျောင်းတို့၌ နိုင်ငံတော် အစိုးရသစ်၏ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေခံပညာ ကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအခြေခံဖြစ်သည့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းမဖွင့်မီ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စာသင်ခန်းများပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။