← Home
ဒေသဖွံ့ဖြိုးရေး 15 May, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၃) စက်မှုလယ်ယာစခန်းမှ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း (စနစ်ကျ) ၂၀၀ ဧက ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈၃) စက်မှုလယ်ယာစခန်းမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း (စနစ်ကျ) ၂၀၀ ဧက ဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။