← Home
ကျန်းမာရေး 15 May, 2026

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံတွင် ခရိုင် ပြည်သူ့ဆေးရုံမှအထူးကုဆရာဝန်များက ဒေသခံပြည်သူများကို ကွင်းဆင်းကုသပေးနေမှုအခြေအနေ များအား ကြည့်ရှုအားပေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံတွင် ခရိုင်ပြည်သူ့ဆေးရုံမှအထူးကုဆရာဝန်များက ဒေသခံ ပြည်သူများကို ကွင်းဆင်းကုသပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။