← Home
GAD news 18 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်(မန္တလေး)တွင် ကျင်းပပြုလုပ်သည့် လူသားမျိုးနွယ် ကိုယ်စားပြုမြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြန်မာ့လက်ဖက်နှင့် ထမနဲပြပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်၊ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သ‌ရေအရှေ့ရပ်ကွက်ရှိ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်(မန္တလေး)၌ ကျင်းပပြုလုပ်သည့် မေလ(၁၈)ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ကို ဂုဏ်ပြုသောအားဖြင့် လူသားမျိုးနွယ်ကိုယ်စားပြုမြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြန်မာ့လက်ဖက်နှင့် ထမနဲပြပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဂုဏ်ပြုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။