← Home
GAD news
19 May, 2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ လူစည်ကားရာနေရာများ၌ အခြေခံပညာ ကျောင်းများနှင့် ဈေးရှေ့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလှုပ်ရှားမှုလက်ကမ်း စာစောင်များ ဖြန့်ဝေ
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်၊ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ အခြေခံပညာကျောင်းများနှင့် ဈေးရှေ့၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေး အားလုံးကျောင်းအပ်နှံကြပါစို့” အသိပညာပေးလက်ကမ်း စာစောင်များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ထမ်းများ၊ လူရည်ချွန်ကျောင်းသား/ ကျောင်းသူများ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ မိဘပြည်သူများထံသို့ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။