← Home
ပညာရေး 27 Feb, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းသား/ကျောင်းသူ များအား ကြည့်ရှုအားပေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ချက်မြင့်မားရေး စာကျက်ဝိုင်းများနှင့် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနား အစမ်းလေ့ကျင့်နေမှုတို့အား ကယားပြည်နယ် ဝန်ကြီးချုပ် ဦးစိန်ဦး သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ၊ နည်းပြဆရာများနှင့် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပနိုင်ရေးအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။