← Home
ကျန်းမာရေး 09 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်အတွင်း၌ အများသူငှာ အပန်းဖြေအနားယူရန် သတ်မှတ်ထားသည့်မြေနေရာအား ကွင်းဆင်းစစ်ဆေး

News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်၊ နေ့လယ် ၂ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်အတွင်း၌ အများသူငှာအပန်းဖြေအနားယူရန် သတ်မှတ်ထားသည့် မြေနေရာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယု ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။