← Home
GAD news
20 May, 2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာရှိ အ-ထ-က (လွန်တောင်း)ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာရှိ အ-ထ-က(လွန်တောင်း)ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦအောင်ဆွေ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့် ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။