← Home
GAD news 20 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်အတွင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလှုပ်ရှားမှုလက်ကမ်းစာစောင်များ ဖြန့်ဝေ

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်၊ နံနက် ၉ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်အတွင်းနှင့် မေဃဂီရိရပ်ကွက် ညောင်ပင်ဈေး၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များမှ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောင်းနေအရွယ်ကလေးများအားလုံး အပြည့်အဝ ကျောင်းအပ်နိုင်ရေး အတွက် ကျောင်းအပ်နှံရေးလှုပ်ရှားမှု လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။