← Home
GAD news
20 May, 2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌
တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၅ ဦး၊ ကင်ညာနိုင်ငံသား ၅ ဦး၊ ယူဂန်ဒါနိုင်ငံသား ၃ ဦး နှင့်သီရိလင်္ကာနိုင်ငံသား ၃ ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၂၁ ဦးတို့အား ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာသံရုံးတာဝန်ခံများထံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်/ မြို့နယ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားစုစုပေါင်း ၁၄၆၅၈ ဦးအနက် ၁၃၄၄၃ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားသား ၁၂၁၅ ဦိးအနက် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)အရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၇၆၆ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၄၄၉ ဦးတို့အား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။