← Home
GAD news 20 May, 2026

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာအုပ်စု၊ ငယ်တိုး ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ အစိုးရရက် ၁၀၀ စီမံချက်ဖြင့် ကွန်ကရစ် လမ်းခင်းနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

News Photo
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်၊ နေ့လယ် ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရ မြို့နယ်၊ ရေကြည်ပေါက်ကျေးရွာအုပ်စု၊ ငယ်တိုးကျေးရွာတွင် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အစိုးရရက် ၁၀၀ စီမံချက်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(UDP)အား နိုင်ငံတော်မှထောက်ပံ့ငွေဖြင့် အရှည် ၃၀၀ ပေ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းနေမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။