← Home
GAD news
20 May, 2026
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အမှတ်(၁)သီရိမဟာရပ်ကွက်၊ နယ်မြေ(၉)ရှိ လွယ်လိန်းရေသန့် စက်ရုံ၏ ရေသန့်ထုတ်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်၊ နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမှတ်(၁)သီရိမဟာရပ်ကွက်၊ နယ်မြေ(၉)ရှိ လွယ်လိန်းရေသန့်လုပ်ငန်းစက်ရုံ၏ ရေသန့်ထုတ်လုပ်ရာတွင် ကျန်းမာရေးအရသတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိနှင့် စက်ရုံအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။