← Home
GAD news 21 May, 2026

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်ရှိ အထက(၅)ကျောင်းရှေ့နှင့် အောင်မင်္ဂလာရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့တို့၌ ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့၊ အထက(၅)ကျောင်းရှေ့နှင့် အောင်မင်္ဂလာ ရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့တို့၌ ကျောင်းနေအရွယ်ကလေးများအားလုံး အပြည့်အဝ ကျောင်းအပ်နိုင်ရေးအတွက် “၂၀၂၆-၂၀၂၇ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။