← Home
GAD news
25 May, 2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်ရှိ ညောင်ပင်ဈေး၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် ပလတ်စတစ်ကင်းစင်စေရေးအတွက် ပလတ်စတစ်အစားထိုးအိတ်များ ဖြန့်ဝေ
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်ရှိ ညောင်ပင်ဈေး၌ တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နှင့်အတူ ပလတ်စတစ်ကင်းစင်စေရေးအတွက် ပလတ်စတစ်အစားထိုးအိတ်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။