← Home
GAD news 27 May, 2026

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ စည်ပင်သာယာရေးဈေးအတွင်းရှိ ရွှေဆိုင်များတွင်အဖိုးတန်သတ္တုရွှေရောင်းဝယ်မှုနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိ/ မရှိ ကြည့်ရှုစစ်ဆေး

News Photo
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ စည်ပင်သာယာရေးဈေးအတွင်းရှိ ရွှေဆိုင်များတွင်အဖိုးတန်သတ္တုရွှေရောင်းဝယ်မှုနှင့် ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိ/ မရှိအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတာဝန်ခံ ဦးအောင်သန်းဝင်း၊ မြို့နယ်အဖိုးတန်သတ္တုရွှေရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။